တရုတ်ဖိအားများနှင့်အတူ ပြန်အသက်ဝင်လာသည့် မူဆယ်-ကျောက်ဖြူ ရထားလမ်း တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက်ဖြစ်လာမည့် မူဆယ်–ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် နှစ်ရှည်ကြန့်ကြာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုများနှင့်အတူ ယခုနှစ်အစောပိုင်းတွင် ပြန်လည်အသက်ဝင်လာခဲ့သည်။ ယင်းစီမံကိန်းက နိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည်လားဆိုသည့်အပေါ် စောင့်ကြည့်လေ့လာသူများက မေးခွန်းထုတ်နေကြသည်။
ကာချုပ်သစ်ရဲ့ဗျူဟာအပြောင်းအလဲနဲ့ စစ်ကိုင်းထိုးစစ် စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ - ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။
တော်လှန်ရေးနယ်မြေကို စီမံခန့်ခွဲခြင်း – ဒေသဆိုင်ရာ ဖက်ဒရယ်ယူနစ်များ၏ ခရီးစဥ် စတင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကို ဒေသခံတော်လှန်ရေးအဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရက ပူးတွဲအကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် အဆိုပါယန္တရားများ၏ ထိရောက်မှုနှင့် မြေပြင်လက်နက်ကိုင်အဖွဲ့များအကြား မည်မျှအထိ ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မည်ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
စစ်ဘေးဒဏ်သင့် တောင်တန်းတွေပေါ်က ကရင်နီဧည့်သည် ခရီးစဉ် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ လေကြောင်းအန္တရာယ်တွေကြားကနေ ပြည်သူတွေကိုဆေးကုသမှု လက်လှမ်းမှီစေဖို့ ကြိုးစားနေတဲ့ သူနာပြု ကိုနွေဦးမာန်ရဲ့ ငါးနှစ်တာ ဘဝဖြတ်သန်းရမှုတွေနဲ့ ကရင်နီတောတွင်းဆေးခန်း အကြောင်းကို တင်ဆက်ပေးသွားမှာပါ။
သီပေါတံတားပိတ်ထားခြင်းနောက် မြစ်ကူးခရီးသည်တို့ကြုံရတဲ့ ဘေးဒုက္ခ တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး "အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..."
မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး "အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..."
ထောင်တံခါးအလွန် – အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာလည်း ထောင်တံခါးပြင်ပမှာ သူတို့ဘဝကို ပြန်လည်အခြေချနိုင်ဖို့အရေး စိန်ခေါ်မှုအသစ် တွေကို ဆက်ပြီး ရင်ဆိုင်ကြရပါတယ်။
အကြွေးနွံထဲက ဝမ်းရေးခက်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လယ်သမားများ လောင်စာဆီဈေးမြင့်တက်မှု၊ ဓာတ်မြေသြဇာနဲ့ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာမှု ကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က စပါးစိုက်တောင်သူ လယ်သမားတွေဟာ အကြွေးနွံနစ်ပြီး ဆင်းရဲဒုက္ခတွင်းထဲ ပိုနက်လာစေပါတယ်။
အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ” ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။
Doh Athan Story Podcast Training (Batch 2) နိုင်ငံတကာဆုရပေါ့ကတ်စ်ခုဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အသံဆောင်းပါးတွေကို အထူးပြု ထုတ်လွှင့်လျှက်ရှိတဲ့ ဒို့အသံ (Doh Athan) က စီစဥ်ထားတဲ့ အခမဲ့ ပေါ့ကတ်စ်သင်တန်းကို လျှောက်ထားနိုင်ပါတယ်။
ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက ဒီတစ်ပတ် ဒို့အသံပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကို တင်ဆက်ပေးသွားမှာပါ။